** အထူးကျေးဇူးတင်ရှိခြင်း**
--------------------------------------
၁၂-၂-၂၀၁၆ ပြည်ထောင်စုနေ့ တွင် လယ်ဝေးမြို့ နယ် စမတောင် လူငယ်
ပရ ဟိတမိဘမဲ့ဖွံ့ဖြိုးရေးကျောင်းသို့ မြန်မာနိုင်ငံ သွားနုင့်ခံတွင်းဆရာဝန်အသင်း (နေပြည်တော်)မှ အသင်းဝင် dental surgeon များဆောင်ရွက်ခဲ့ သော အခမဲ့သွားနုင့် ခံတွင်းကွင်းဆင်းကုသရေး အစီစဉ် ကို ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒု/ညွှန်ကြားရေးမှူးချုပ် ဆရာကြီးDr ဦးမြတ်ဝဏ္ဏစိုး {(အငဆ)ကုတင်၃၀၀ဆေးရုံ}, Drသက်ပိုင်နုင့် အထူးကုဆရာဝန်ကြီးများ နုင့်ဆရာဝန်များသူနာပြုဆရာမကြီးများ အပါအဝင် ကူညီပံ့ပိုးပေးကြသော ဆေးရုံ ဝန်ထမ်းများ
သာဝတ္ထိ ရသေ့တောင်Top star Food Centre တွင် ဖွယ်ဖွယ်ရာရာစားမြိန်သောနံနက်စာဖြင့် လိုက်ပါလာသော ဆရာဝန်ဆရာမ အဖွဲ့ဝင်၄၀ကျော်ကို အားရဝမ်းသာ ဧဉ့် ခံ ပြုစုခဲ့သော သာဝတ္ထိမြို့မှ ကိုကျော်မြင့်ငယ်မိသားစုအားလည်းကောင်း၊
ပရဟိတကျောင်းနာယကဆရာတော်ကြီးနုင့် ဆရာဆရာမများအားလည်းကောင်း
တက်ကြွရွှင်လန်းစွာကုသပေးခဲ့ကြသောနေပြည်တော် မှသွားနုင့်ခံတွင်းဆရာဝန် ၁၅ ဦးအားလည်းကောင်း နေပြည်တော်သွားနှင့်ခံတွင်း ဆရာဝန်အသင်းမှ အထူးပင်ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
ကွင်းဆင်းကုသမှုတွင် သွားနုင့် ခံတွင်းလူနာ ၂၅၀ကျော်စစ်ဆေးပေးပြီး ၈၅ ယောက်အားကုသ
ပေးခဲ့ပါသည်။
သွားနုင့် ခံတွင်းကျန်းမာရေးဟောပြောပွဲကိုလည်းမိဘမဲ့ကလေး များ ၁တန်းမှ ၇ တန်းအထိအား အသင်း ဥက္ကဌ ဒေါက်တာဦးကြည်လွင် နှင့် ဒေါက်တာသိန်းသန်းထွန်းတို့မှ သွားကျန်းမာရေးပညာပေး ဟောပြောခဲ့ပါသည်။
ထို့နောက် ဓါတ်ဆားထုတ် ၂၅၀ကျော်နုင့် အခြေခံ အိမ်သုံးဆေးဝါး အမယ် ၂၀ကျော်အား ပရဟိတကျောင်းအတွက်စုပေါင်းအလှူ ငွေ ၁သိန်းကျပ်နုင့်အတူ ဆရာတော်ကြီးအား အဖွဲ့ဝင် အားလုံးမှ ကြည်နူးချမ်းမြေ့ စွာလှူဒါန်းခဲ့ကြပါသည်။
လာမည့် မတ်လအတွင်းတွင်လည်း နေပြည်တော် သွားနှင့်ခံတွင်း ဆရာဝန်အသင်းမှကြီးမှူးပြီး စဉ်ဆက်မပြတ် သွားနှင့်ခံတွင်းပညာရပ် သင်ကြားရေး အစီအစဉ်ကို ပါမောက္ခ ဒေါက်တာ ဦးအောင်ထန်း အား ပင့်ဖိတ်ပြီး နေပြည်တော်ရှိ သွားနှင့်ခံတွင်းဆရာဝန်အသင်း (ဗဟို) အဆောက်အဦ တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ နေပြည်တော်အတွင်းရှိသွားနှင့်ခံတွင်း ဆရာဝန်များ အပါအဝင် စိတ်ဝင်စားသူများ တက်ရောက် ပေးနိုင်ပါရန် ဖော်ပြအပ်ပါသည်။
ကျင်းပမည့်အစီအစဉ် အသေးစိတ်ကို ထပ်မံကြေငြာပေးပါမည်။








