Labels

Sunday, March 27, 2016

CDE program (26-3-2016)

နေပြည်တော် ဥတ္တရသီရိမြို့နယ် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်း ဗဟို အဆောက်အဦတွင် ၂၆/၃/၂၀၁၆ ရက်နေ့တွင် နေပြည်တော် သွားနှင့်ခံတွင်းဆရာဝန်များအသင်းမှ CDE program တစ်ခု စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ 

မန္တလေး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာကြီး ပါမောက္ခ ဒေါက်တာဦးအောင်ထန်းမှ
Twisted file adaptive treatment - Endodontic  lecture and hand on course ကို ဟောပြော လက်တွေ့ training ယူ ကျင်းပခဲ့ပါသည်။

ရပ်ဝေးရပ်နီးမှ သွားနှင့်ခံတွင်းဆရာဝန် ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

ရပ်ဝေးမှ ဆရာဝန်များအတွက် စားသောက် နေထိုင်မှုများကို နေပြည်တော်သွားနှင့်ခံတွင်းဆရာဝန်များအသင်းမှ  တာဝန်ယူဆောင်ရွက်ပေးရာတွင် လည်းကောင်း၊ CDE program အောင်မြင်စွာကျင်းပနိုင်ရန် main sponser အဖြစ်တာ ဝန်ယူပေးခဲ့ပါသော BioSys Company ကို အထူး ကျေးဇူးတင် ဂုဏ်ပြုကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မန္တလေးမြို့မှ အချိန်ပေးလာရောက် ဟောပြောပေးပါသော ပါမောက္ခဒေါက်တာ ဦးအောင်ထန်း၊ CDE အစီအစဉ် အောင်မြင်စွာ ကျင်းပနိုင်ရန် လူအား ငွေအား အချိန် အစစ အားထုတ်ကြိုးပမ်းခဲ့ကြပါသော နေပြည်တော် သွားနှင့်ခံတွင်းဆရာဝန်များ အသင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးများအပါအဝင် EC အဖွဲ့ဝင်များ၊ ဆရာ ကြို ပို့ နှင့်  ဆောင်း ဘောက် အ သံ ပိုင်း ဆိုင်ရာ စီ စဉ် မှု အတွက်  Dr Than Toe အစည်း ဝေး ခန်း မ  လိုက် ကာ တပ် ဆင် မှု နှင့်  နေ့ လည်စာ
ညစာ dinner အစီ အစဉ် အ တွက်  Dr Kyaw Thu Win, tea break အစီအစဉ် နဲ့  ငွေ စာ ရင်း ပိုင်း ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ပေး သော Dr Tin Thidar Tun .. Dr Su Mun Aung..
အ ခမ်း အ နား အ ပြင် အ ဆင် ကို ကူ ညီ လုပ် ကိုင်ပေး သော  Dr Paing Hein Ko .. Dr Ye Tun Kyaw.. အစီ အ စဉ် အ သေး စိပ် ကို လုပ် ကိုင် ပေး သော  Dr Thein Than Tun..
Projector ဆက် တင် ကို  ပေး အပ် ကူ ညီ တပ်ဆင်ပေး တဲ့ သိုက်ချောင်း တပ်မတော် ကု တင်၁၀၀၀   သွား ဌါ န မှ  ဒု ဗိုလ်မှုး ကြီး မင်း ကြိုင်ဆန်း နဲ့  အရာရှိ အ ဖွဲ့ သား များ...ရပ်ဝေးရပ်နီးမှ ပူးပေါင်းပါဝင်ပေးကြသော ဆရာဝန်များ၊ အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသူများအားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

CDE အစီစဉ် ပြုလုပ်ရန် သွားဘက်ဆိုင်ရာဆရာဝန်များအသင်း ဗဟို အဆောက်အဦ ကို လိုအပ်သည်များ ပြုပြင်မွမ်းမံရာတွင် ခန်းစီးလိုက်ကာများ (စုစုပေါင်းတန်ဖိုးငွေ ကျပ် ၃၂၀,၀၀၀ ခန့်) ကို တစ်ဦးတည်း လှူဒါန်းပေးခဲ့ပါသော နေပြည်တော်သွားနှင့်ခံတွင်းဆရာဝန်များအသင်းမှ ပြန်ကြားရေးမှူ ဒေါက်တာ ကျော်သူ ကို အထူးကျေးဇူးတင်ရှိပါကြောင်း နေပြည်တော် သွားနှင့်ခံတွင်းဆရာဝန်များအသင်း အလုပ်အမှုဆောင်အဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

                                                                     (နေပြည်တော်သွားနှင့်ခံတွင်းဆရာဝန်များအသင်း)

Wednesday, March 23, 2016

CDE program of NDA(2016)

 CDE program by MDA (Naypyitaw Branch)

Topic
*****
 Twisted File Adaptive Treatment (Lecture and Hand on Course)

Speaker
*******
Professor Dr. Aung Htang (UDMM)

 အစီအစဉ်
*********
၂၆-၃-၂၀၁၆ (စနေနေ့)

နံနက် ၉း၀၀ မှ ၁၂း၀၀ နာရီ - Lecture
နေ့ ၁၂း၀၀ နာရီမှ ၁း၀၀နာရီ - Lunch
နေ့ ၁း၀၀ နာရီမှ ၃း၀၀ နာရီ -  Hand on course
ည၆း၀၀ နာရီ - Dinner အစီအစဉ်ဖြစ်ပါသည်။

နေရာ
*****
သော်က ၁၇ လမ်း   ဥတ္တရ သီ ရီ မြို့ နယ်။ မြန် မာ နိုင် ငံ သွား နှင့် ခံတွင်း ဆရာ ဝန် အ သင်း-ဗဟို ရုံး အ ဆောက် အ ဦး 

Main Sponcerအဖြစ် BioSys Company တာဝန်ယူထားပါသည်။

Saturday, February 13, 2016

စမတောင် လူငယ်ပရဟိတကျောင်းသို့ ကွင်းဆင်းကုသခြင်း

**   အထူးကျေးဇူးတင်ရှိခြင်း**
        --------------------------------------
၁၂-၂-၂၀၁၆ ပြည်ထောင်စုနေ့ တွင် လယ်ဝေးမြို့ နယ် စမတောင် လူငယ်
ပရ ဟိတမိဘမဲ့ဖွံ့ဖြိုးရေးကျောင်းသို့ မြန်မာနိုင်ငံ သွားနုင့်ခံတွင်းဆရာဝန်အသင်း (နေပြည်တော်)မှ အသင်းဝင် dental surgeon များဆောင်ရွက်ခဲ့ သော အခမဲ့သွားနုင့် ခံတွင်းကွင်းဆင်းကုသရေး အစီစဉ် ကို ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒု/ညွှန်ကြားရေးမှူးချုပ် ဆရာကြီးDr ဦးမြတ်ဝဏ္ဏစိုး {(အငဆ)ကုတင်၃၀၀ဆေးရုံ}, Drသက်ပိုင်နုင့် အထူးကုဆရာဝန်ကြီးများ နုင့်ဆရာဝန်များသူနာပြုဆရာမကြီးများ အပါအဝင် ကူညီပံ့ပိုးပေးကြသော  ဆေးရုံ ဝန်ထမ်းများ
သာဝတ္ထိ ရသေ့တောင်Top star Food Centre တွင် ဖွယ်ဖွယ်ရာရာစားမြိန်သောနံနက်စာဖြင့် လိုက်ပါလာသော ဆရာဝန်ဆရာမ အဖွဲ့ဝင်၄၀ကျော်ကို အားရဝမ်းသာ ဧဉ့် ခံ ပြုစုခဲ့သော သာဝတ္ထိမြို့မှ ကိုကျော်မြင့်ငယ်မိသားစုအားလည်းကောင်း၊
ပရဟိတကျောင်းနာယကဆရာတော်ကြီးနုင့် ဆရာဆရာမများအားလည်းကောင်း
တက်ကြွရွှင်လန်းစွာကုသပေးခဲ့ကြသောနေပြည်တော် မှသွားနုင့်ခံတွင်းဆရာဝန် ၁၅ ဦးအားလည်းကောင်း နေပြည်တော်သွားနှင့်ခံတွင်း ဆရာဝန်အသင်းမှ အထူးပင်ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

ကွင်းဆင်းကုသမှုတွင် သွားနုင့် ခံတွင်းလူနာ ၂၅၀ကျော်စစ်ဆေးပေးပြီး ၈၅ ယောက်အားကုသ
ပေးခဲ့ပါသည်။
သွားနုင့် ခံတွင်းကျန်းမာရေးဟောပြောပွဲကိုလည်းမိဘမဲ့ကလေး များ ၁တန်းမှ ၇ တန်းအထိအား အသင်း ဥက္ကဌ ဒေါက်တာဦးကြည်လွင် နှင့် ဒေါက်တာသိန်းသန်းထွန်းတို့မှ သွားကျန်းမာရေးပညာပေး ဟောပြောခဲ့ပါသည်။

ထို့နောက် ဓါတ်ဆားထုတ် ၂၅၀ကျော်နုင့် အခြေခံ အိမ်သုံးဆေးဝါး အမယ် ၂၀ကျော်အား ပရဟိတကျောင်းအတွက်စုပေါင်းအလှူ ငွေ ၁သိန်းကျပ်နုင့်အတူ ဆရာတော်ကြီးအား အဖွဲ့ဝင် အားလုံးမှ ကြည်နူးချမ်းမြေ့ စွာလှူဒါန်းခဲ့ကြပါသည်။

လာမည့် မတ်လအတွင်းတွင်လည်း နေပြည်တော် သွားနှင့်ခံတွင်း ဆရာဝန်အသင်းမှကြီးမှူးပြီး စဉ်ဆက်မပြတ် သွားနှင့်ခံတွင်းပညာရပ် သင်ကြားရေး အစီအစဉ်ကို ပါမောက္ခ ဒေါက်တာ ဦးအောင်ထန်း အား ပင့်ဖိတ်ပြီး နေပြည်တော်ရှိ သွားနှင့်ခံတွင်းဆရာဝန်အသင်း (ဗဟို) အဆောက်အဦ တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ နေပြည်တော်အတွင်းရှိသွားနှင့်ခံတွင်း ဆရာဝန်များ အပါအဝင် စိတ်ဝင်စားသူများ တက်ရောက် ပေးနိုင်ပါရန် ဖော်ပြအပ်ပါသည်။

ကျင်းပမည့်အစီအစဉ် အသေးစိတ်ကို ထပ်မံကြေငြာပေးပါမည်။








Monday, January 4, 2016

ဝမ်းမြောက် ဂုဏ်ပြုခြင်း

ယနေ့ ၄-၁-၂၀၁၆ ရက်နေ့
မင်းကုန်းအုပ်စု သဲကျွန်းကျေးရွာ ရတနာ စံပြ ဘက ကျောင်း သို့  လွတ်လပ်ရေး နေ့အထိမ်းအမှတ်
ကွင်းဆင်း ပညာပေး ခရီးစဉ်တွင် လိုက်ပါ အားဖြည့်သူများ ဖြစ်ကြသော

၁ .ဒေါက်တာ ကြည်လွင်      
၂ .ဒေါက်တာ ချန်ထွန်းအောင်    
၃ .ဒေါက်တာ Mကောလ          
၎ .ဒေါက်တာ ချိုချိုမာ                  
၅ .ဒေါက်တာ  ကျော်သူဦး          
၆ .ဒေါက်တာ  သန်းတိုး                                
၇ .ဒေါက်တာ  လှစိန်              
၈ .ဒေါက်တာ အမာချစ်
၉ .ဒေါက်တာ အိအိလှိုင်
၁၀.ဒေါက်တာ နှင်းပွင့်အောင်
၁၁.ဒေါက်တာ ပိုင်ဟိန်းကို
၁၂.ဒေါက်တာ ၇ဲခေါင်မြင့်
၁၃.ဒေါက်တာ ရဲထွန်ူကျော်
၁၄.ဒေါက်တာ အောင်ကျော်မျိုး
၁၅.ဒေါက်တာ မောင်မောင်နိုင်
၁၆.ဒေါက်တာ မျိုးမင်းလှိုင်
၁၇.ဒေါက်တာ အောင်သွင်ဦး
၁၈.ဒေါက်တာ ယဉ်ယဉ်ဝင်း AS RSPH
၁၉.ဒေါက်တာ မေသူခင် AS RSPH
၂၀.ဒေါ်မြလေး  S/S RSPH
၂၁.ဒေါ်မြတ်စုမွန် T/N RSPH
၂၂.ဒေါ်စုငြိမ်းအေး T/N RSPH
၂၃.ဒေါ်ဂျူးသီရိဝင်း T/N RSPH
၂၄.ဒေါ်တင်နွယ်အောင် T/N RSPH
၂၅.ဒေါ်ဌေးလွင် အထွေထွေ
၂၆ဒေါ်စုနန္ဒာ   D/N school health pmn
၂၇.ဒေါ်ဝေဝေနှင်း အထွေထွေ school health
                                              PMN
တို့နှင့်
ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါသော ရတနာ စံပြ ဘကကျောင်းမှ ဆရာတော်ကြီးနှင့်တကွ ကူညီ ပေးကြသူများ၊ ကုသရေးအဖွဲ့အား ဧည့်ဝတ်ပြု ကျွေးမွေးဧည့်ခံပေးကြသူများအားလုံး အား

နေပြည်တော်သွားနှင့်ခံတွင်း ဆရာဝန်များ အဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကွင်းဆင်းကုသမှု

မြန်မာနိုင်ငံ သွားနုင့် ခံတွင်း ဆရာဝန်အသင်းမှလွတ်လပ်ရေးနေ့  အထိမ်းအမှတ်အနေဖြင့် နေပြည်တော် ဥတ္တရသီရိ မြို့ နယ်မင်းကုန်းကျေးရွာအုပ်စု စည်သာအေးရွာ ရတနာစံပြ
ဘ က ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းသား/သူ များ နုင့် ကျေးလက်ပြည်သူ များအား
သွားနုင့် ခံတွင်းရောဂါ ကုသမှု ပေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများကို  ဥက္ကဌ ဒေါက်တာ ဦးကြည်လွင်နှင့် နေပြည်တော်သွားနှင့်ခံတွင်း ဆရာဝန်များက ၄-၁-၂၀၁၆ မနက် ၉ နာရီမှစတင်ကာ စည်းလုံးညီညာပျော်ရွှင်စွာ လုပ်အားဒါနပြုဆောင်ရွက် ခဲ့ကြပါသည်။ သွားနှင့်ခံတွင်း ကုသမှုကို လူဦးရေ ၁၀၀ ကျော်အား ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

အတူလိုက်ပါ ကူညီပေးခဲ့ကြသော အငြိမ်းစား နိုင် ငံဝန်ထမ်းဆေးရုံမှ အထွေထွေရောဂါကုဆရာဝန် ၂ ဦး သူနာပြုဆရာမ ၄ဦးတို့ မှလည်း ကျောင်းသား/သူများနှင့် ကျေးရွာသားတို့ ကို အထွေထွေရောဂါစစ်ဆေးခြင်းကုသခြင်းများဆောင်ရွက်ဒါနပြုပေးခဲ့ကြပါသည်။ 

လုပ်အားဒါနကုသိုလ်ပြုလိုက်ပါလာသည့် သွားနုင့်ခံတွင်းဆရာဝန်များမှ စုပေါင်း လှူဒါန်းငွေ ၈၅၀၀၀ကျပ်နှင့် အငြိမ်းစားနိုင်ငံဝန်ထမ်း ဆေးရုံမှ ဆရာဝန်ဆရာမ များလှူဒါန်းသော ဘကကျောင်းသားများကျန်းမာရေးအတွက် အသုံးပြုရန် ဓာတ်ဆားစသော အခြေခံ ဆေးဝါးများကိုအားလုံး၏ ကိုယ်စား ဥက္ကဌ ဒေါက်တာဦး ကြည်လွင်မှ ဘကကျောင်းဆရာတော်ကြီးအားဆက်ကပ် လှူဒါန်းပေးခဲ့ပါသည်။

ထို့နောက် ဆရာတော်ကြီးမှ ပြန်လည်ချီးမြှင့်တော်မူသော ဆုပေး မေတ္တာပို့ တရားတော်ကိုလည်းအားလုံးကြည်နူးစွာနာကြားပြီး ဆရာ/ဆရာမများနုင့် ကျောင်းသား/သူများကို ရင်းနှီးစွာနုတ်ဆက်ပြီး နေ့ ၂း၀၀ တွင်
ပြန်လည် ထွက်ခွာခဲ့ကြပါသည်။















Thursday, December 31, 2015

၂၀၁၆ ပထမဆုံး ကွင်းဆင်းကုသမှု

နေပြည်တော်သွားနှင့်ခံတွင်းဆရာဝန်အသင်း၏ ၂၀၁၆ ခုနှစ်အတွက် ပထမဆုံး ကွင်းဆင်းကုသမှုအနေဖြင့် တောင်ညို စည်သာအေးရွာ ရတနာစံပြ ဘကကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။

ကွင်းဆင်းကုသမှုတွင် ပါဝင်မည့် အဖွဲ့ဝင်များအနေဖြင့်

၎-၁-၂၀၁၆ နေ့
မနက် ၇း၃၀ အချိန်
IT လက်ဘက်ရည်ဆိုင်တွင် စတင်စုစည်းကြမည်ဖြစ်ကြောင်း သိရပါသည်။

နေပြည်တော်အတွင်းရှိ သွားနှင့်ခံတွင်းဆရာဝန်များအနေဖြင့် ဖိတ်ကြားမှုရရှိသည်ဖြစ်စေ (အကြောင်းကြောင်းကြောင့် လစ်ဟာသွားခဲ့လျှင်) ဖိတ်ကြားမှု မရသော်လည်း ပါဝင်ပူးပေါင်းပေးကြပါရန် ပန်ကြားအပ်ပါသည်။

ပါဝင်ကူညီပေးကြမည့် သွားနှင့်ခံတွင်းဆရာဝန်များအနေဖြင့် အတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာသိန်းသန်းထွန်း နှင့် ဒေါက်တာသန်းတိုး တို့ထံ ဆက်သွယ်ပေးကြပါရန် ပန်ကြားအပ်ပါသည်။

နှစ်သစ် မင်္ဂလာဆုတောင်း

မန်မာပြည်သူ ပြည်သားအပေါင်း ၂၀၁၆ မင်္ဂလာ နှစ်သစ်မှာ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ...

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသား မိဘပြည်သူအပေါင်း ငြိမ်းချမ်းလှပအေးချမ်းသော အနာဂတ်များပိုင်ဆိုင်ကြပါစေ...

မြန်မာနိုင်ငံအတွင်း နေထိုင် လုပ်ကိုင်နေကြသော နိုင်ငံဝန်ထမ်းဖြစ်စေ၊ ပြင်ပဖြစ်စေ သွားနှင့်ခံတွင်းဆရာဝန် အပေါင်း မြန်မာနိုင်ငံသူမြန်မာနိုင်ငံသား မိဘပြည်သူများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဆထက်ထမ်းပိုး သယ်ပိုးနိုင်ကြပါစေကြောင်း၊ နိုင်ငံသားကောင်းရတနာများ ဖြစ်ကြပါစေကြောင်း၊ မိဘပြည်သူများရဲ့ အပြုံအလှဖန်ဆင်းရှင်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်...