နေပြည်တော်သွားနှင့်ခံတွင်းဆရာဝန်အသင်း၏ ၂၀၁၆ ခုနှစ်အတွက် ပထမဆုံး ကွင်းဆင်းကုသမှုအနေဖြင့် တောင်ညို စည်သာအေးရွာ ရတနာစံပြ ဘကကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။
ကွင်းဆင်းကုသမှုတွင် ပါဝင်မည့် အဖွဲ့ဝင်များအနေဖြင့်
၎-၁-၂၀၁၆ နေ့
မနက် ၇း၃၀ အချိန်
IT လက်ဘက်ရည်ဆိုင်တွင် စတင်စုစည်းကြမည်ဖြစ်ကြောင်း သိရပါသည်။
နေပြည်တော်အတွင်းရှိ သွားနှင့်ခံတွင်းဆရာဝန်များအနေဖြင့် ဖိတ်ကြားမှုရရှိသည်ဖြစ်စေ (အကြောင်းကြောင်းကြောင့် လစ်ဟာသွားခဲ့လျှင်) ဖိတ်ကြားမှု မရသော်လည်း ပါဝင်ပူးပေါင်းပေးကြပါရန် ပန်ကြားအပ်ပါသည်။
ပါဝင်ကူညီပေးကြမည့် သွားနှင့်ခံတွင်းဆရာဝန်များအနေဖြင့် အတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာသိန်းသန်းထွန်း နှင့် ဒေါက်တာသန်းတိုး တို့ထံ ဆက်သွယ်ပေးကြပါရန် ပန်ကြားအပ်ပါသည်။
Thursday, December 31, 2015
နှစ်သစ် မင်္ဂလာဆုတောင်း
မြန်မာပြည်သူ ပြည်သားအပေါင်း ၂၀၁၆ မင်္ဂလာ နှစ်သစ်မှာ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ...
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသား မိဘပြည်သူအပေါင်း ငြိမ်းချမ်းလှပအေးချမ်းသော အနာဂတ်များပိုင်ဆိုင်ကြပါစေ...
မြန်မာနိုင်ငံအတွင်း နေထိုင် လုပ်ကိုင်နေကြသော နိုင်ငံဝန်ထမ်းဖြစ်စေ၊ ပြင်ပဖြစ်စေ သွားနှင့်ခံတွင်းဆရာဝန် အပေါင်း မြန်မာနိုင်ငံသူမြန်မာနိုင်ငံသား မိဘပြည်သူများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဆထက်ထမ်းပိုး သယ်ပိုးနိုင်ကြပါစေကြောင်း၊ နိုင်ငံသားကောင်းရတနာများ ဖြစ်ကြပါစေကြောင်း၊ မိဘပြည်သူများရဲ့ အပြုံအလှဖန်ဆင်းရှင်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်...

Friday, December 25, 2015
Subscribe to:
Posts (Atom)