နေပြည်တော်သွားနှင့်ခံတွင်းဆရာဝန်အသင်း၏ ၂၀၁၆ ခုနှစ်အတွက် ပထမဆုံး ကွင်းဆင်းကုသမှုအနေဖြင့် တောင်ညို စည်သာအေးရွာ ရတနာစံပြ ဘကကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။
ကွင်းဆင်းကုသမှုတွင် ပါဝင်မည့် အဖွဲ့ဝင်များအနေဖြင့်
၎-၁-၂၀၁၆ နေ့
မနက် ၇း၃၀ အချိန်
IT လက်ဘက်ရည်ဆိုင်တွင် စတင်စုစည်းကြမည်ဖြစ်ကြောင်း သိရပါသည်။
နေပြည်တော်အတွင်းရှိ သွားနှင့်ခံတွင်းဆရာဝန်များအနေဖြင့် ဖိတ်ကြားမှုရရှိသည်ဖြစ်စေ (အကြောင်းကြောင်းကြောင့် လစ်ဟာသွားခဲ့လျှင်) ဖိတ်ကြားမှု မရသော်လည်း ပါဝင်ပူးပေါင်းပေးကြပါရန် ပန်ကြားအပ်ပါသည်။
ပါဝင်ကူညီပေးကြမည့် သွားနှင့်ခံတွင်းဆရာဝန်များအနေဖြင့် အတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာသိန်းသန်းထွန်း နှင့် ဒေါက်တာသန်းတိုး တို့ထံ ဆက်သွယ်ပေးကြပါရန် ပန်ကြားအပ်ပါသည်။
No comments:
Post a Comment