Labels

Monday, January 4, 2016

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကွင်းဆင်းကုသမှု

မြန်မာနိုင်ငံ သွားနုင့် ခံတွင်း ဆရာဝန်အသင်းမှလွတ်လပ်ရေးနေ့  အထိမ်းအမှတ်အနေဖြင့် နေပြည်တော် ဥတ္တရသီရိ မြို့ နယ်မင်းကုန်းကျေးရွာအုပ်စု စည်သာအေးရွာ ရတနာစံပြ
ဘ က ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းသား/သူ များ နုင့် ကျေးလက်ပြည်သူ များအား
သွားနုင့် ခံတွင်းရောဂါ ကုသမှု ပေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများကို  ဥက္ကဌ ဒေါက်တာ ဦးကြည်လွင်နှင့် နေပြည်တော်သွားနှင့်ခံတွင်း ဆရာဝန်များက ၄-၁-၂၀၁၆ မနက် ၉ နာရီမှစတင်ကာ စည်းလုံးညီညာပျော်ရွှင်စွာ လုပ်အားဒါနပြုဆောင်ရွက် ခဲ့ကြပါသည်။ သွားနှင့်ခံတွင်း ကုသမှုကို လူဦးရေ ၁၀၀ ကျော်အား ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

အတူလိုက်ပါ ကူညီပေးခဲ့ကြသော အငြိမ်းစား နိုင် ငံဝန်ထမ်းဆေးရုံမှ အထွေထွေရောဂါကုဆရာဝန် ၂ ဦး သူနာပြုဆရာမ ၄ဦးတို့ မှလည်း ကျောင်းသား/သူများနှင့် ကျေးရွာသားတို့ ကို အထွေထွေရောဂါစစ်ဆေးခြင်းကုသခြင်းများဆောင်ရွက်ဒါနပြုပေးခဲ့ကြပါသည်။ 

လုပ်အားဒါနကုသိုလ်ပြုလိုက်ပါလာသည့် သွားနုင့်ခံတွင်းဆရာဝန်များမှ စုပေါင်း လှူဒါန်းငွေ ၈၅၀၀၀ကျပ်နှင့် အငြိမ်းစားနိုင်ငံဝန်ထမ်း ဆေးရုံမှ ဆရာဝန်ဆရာမ များလှူဒါန်းသော ဘကကျောင်းသားများကျန်းမာရေးအတွက် အသုံးပြုရန် ဓာတ်ဆားစသော အခြေခံ ဆေးဝါးများကိုအားလုံး၏ ကိုယ်စား ဥက္ကဌ ဒေါက်တာဦး ကြည်လွင်မှ ဘကကျောင်းဆရာတော်ကြီးအားဆက်ကပ် လှူဒါန်းပေးခဲ့ပါသည်။

ထို့နောက် ဆရာတော်ကြီးမှ ပြန်လည်ချီးမြှင့်တော်မူသော ဆုပေး မေတ္တာပို့ တရားတော်ကိုလည်းအားလုံးကြည်နူးစွာနာကြားပြီး ဆရာ/ဆရာမများနုင့် ကျောင်းသား/သူများကို ရင်းနှီးစွာနုတ်ဆက်ပြီး နေ့ ၂း၀၀ တွင်
ပြန်လည် ထွက်ခွာခဲ့ကြပါသည်။















No comments:

Post a Comment